RSS

About

ဗဟုသုတလေးပါ

                         ဥစ္စာပျက်ကြောင်း ၆ ပါး

၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်အရက် သောက်စားခြင်း။
၂။ အချိန်အခါမဲ့ (ညအခါ) လှည့်ပတ်သွားလာ လမ်းလျှောက်ခြင်း၊
၃။ ပွဲလမ်းသဘင် ပျော်ရွှင်မှုများ လိုက်စားခြင်း။
၎။ လောင်းကစားလေ့ရှိခြင်း။
၅။ မကောင်းသော အဆွေခင်ပွန်းတို့နှင့် ဆက်ဆံပေါင်းသင်းခြင်း။
၆။ ပျင်းရိမေ့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ခြင်း။
ဆောင်ပုဒ်။           ။ သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုခဲ့သဘင်၊ ပျော်ရွှင်အံလောင်း၊ မကောင်းမိတ်ဖျင်း၊
ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း။

             အရက်သေစာ မူးယစ်ထုံထိုင်း ဆေးဝါးမှီဝဲခြင်းအပြစ် ၆ ပါး။

၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင်အပြစ်ဖြစ်၏။
၂။ ခိုက်ရန်ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်းဖြစ်၏။
၎။ အရှိန်အစော်မဲ့တတ်၏။
၅။ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။
၆။ ဥာဏ်ပညာ အားနည်းအောင် ပြုတတ်၏။
ဆောင်ပုဒ်။           ။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုန်များစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့ထုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှာ၊ ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။

                      အခါမဲ့ သွားလာခြင်း အပြစ် ၆ ပါး။

၁။ မိမိကိုယ်ကို ဘေးအန္တာယ်မှ လုံခြုံမှုမရှိနိုင်ခြင်း။
၂။ မိမိ၏ ဇနီးသားသမီးတို့အား ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း။
၃။ စည်းစိမ်ဥစ္စာကို လုံခြုံမှု မဖြစ်စေနိုင်ခြင်း။
၎။သူတစ်ပါးပြုသည့် မကောင်းမှုစရိုက်တို့တွင် မယုံသင်္ကာ ထင်မှာခံရခြင်း။
၅။ မဟုတ်မမှန်ဘဲ အစွပ်အစွဲခံရတတ်ခြင်း။
၆။ များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်ခြင်း။
ဆောင်ပုဒ်။         ။ ကိုယ့်သားမယား၊ တစ်ခြားဥစ္စာ၊ လုံရာမဲ့ရောင်း၊ မကောင်းမရာ၊ ရွံ့ရာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

                           ပွဲလမ်းသဘင် အပျော်ကြူခြင်း အပြစ် ၆ ပါး။

၁။ ပွဲလမ်းသဘင်ကြည့်ရှုရန် စုံစမ်းနေရသဖြင့် အလုပ်ပျက်ခြင်း။
၂။ ပွဲလမ်းသဘင် ကြည့်ရှုနေရသဖြင့် အလုပ်ပျက်ခြင်း။
၃။ ကျန်းမာရေး ထိခိုက်ခြင်း။
၎။ ငွေကုန်ကြေးကျများခြင်း။
၅။ ရရှိပြီးသော စီးပွားဥစ္စာ မဖြစ်ထွန်းခြင်း။
၆။ မရရှိသေးသော စီးပွားဥစ္စာ မဖြစ်ထွန်းခြင်း။
ဆောင်ပုဒ်။          ။ ကခြင်းတလီ၊ သီချင်းတသီး၊ မှုတ်ခြင်းတသင်း၊ ပြိုန်ဖျင်းတစ်အုပ်၊ လက်ခုပ်တတည်း၊ အိုးစည်တဖြာ၊ ရှိရာရှာ၍၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား ကြည့်ရှုသဘင်အပြစ်တည်း။

                            လောင်းကစားခြင်း အပြစ် ၆ ပါး။

၁။ မိမိနိုင်လျှင်လည်း ရန်ပွားတတ်ခြင်း။
၂။ မိမိရှုံးလျှင် ပစ္စည်းဥစ္စာဆုတ်ယုတ်ခြင်း။
၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်ခြင်း။
၎။ မိမိစကားသည် မရိသတ်အလယ်တွင် သက်သေမ၀င်ခြင်း။
၅။ အဆွေခင်ပွန်းကို မထီမဲ့မြင် ပြုမိတတ်ခြင်း။
၆။ ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင် ဟု သမီးပေး သားယူပြုလိုသူတို့ အလိုမရှိခြင်း။
ဆောင်ပုဒ်။           ။ အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေတိမ်ယိမ်း၊ မထိမ်းမမြား၊ ဤခြောက်ပါးကား ပျော်ပါးကြွေအန်အပြစ်တည်း။
     
                 ။               ။                  ။                    ။                  ။


                        လမ်းသစ်ဂျာနယ်၊ မလေးရှားမှ မှတ်သားထားပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပြူတာကို database password ထည့်ထားနည်းလေးပါ။

အများသုံးနေကြတာက log in screen မှာ password ထည့်ရင် windows password ကိုသာ ထည့်သုံးကြ
တာပါ။ ဒီနည်းလမ်းလေးက windows system (database) ကို password ထည့်ထားပေးလိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အရင် ပို့စ်(usb stick ကို သော့အဖြစ်ထားတဲ့ နည်း) နဲ့ အတူတူ ပါပဲ။

Run >> syskey >> securing the windows xp account database ခေါင်းစဉ်နဲ့ box ပေါ်လာရင် အဲဒီမှာupdate ကိုနှိပ် >> start up key ခေါင်းစဉ်နဲ့ box တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီမှာ
အပေါ်ဆုံးက  password start up ဆိုတာလေးကို select ပြီး password ကို နှစ်နေရာ ရိုက်ထည့်ပေးရ
ပါတယ်။ ပြီးရင်တော့ အိုကေ ပေးလိုက်ပေါ့နော်. . . ။

ပြန်ဖျက်ချင်ရင်တော့. . .
         အပေါ်က လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီးတော့ start up key box ခေါင်းစဉ်နဲ့ ပေါ်လာရင် အဲဒီ box မှာ system generated password ကို ပြန်ရွေးပေးပြီး . . . အိုကေ . . . လုပ်လိုက်ပေါ့နော်. . .
  ( At Your Own Risk ပါနော်......... အဟဲ . . . အဟဲ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

USB ကို ကွန်ပြူတာ သော့ အဖြစ် ထားကြမယ်။

         My Computer >> Right Click >> Manage >> Disk Management ထဲမှာ usb stick >> Right click >> Change drive letter and path >> Change မှာ A: လို့ ပြောင်းပေး ၊ confirm မေးရင် yes . . .       ( ဒါဆို usb stick ဟာ drive letter A: ဖြစ်သွားပြီ)
         ထို့နောက် Run >> syskey >> Enter >> encryption >> Enabled ဖြစ်အောင် လုပ်ထားပြီးရင် update နှိပ် Store start up key on floppy disk ကို ရွေး >> OK >> box သုံးခု ကျလာလိမ့်မယ် OK ကြီး
ဘဲ နှိပ်သွားလိုက်ပါ။ Restart လုပ်လိုက်။
         နောက်ပိုင်း ကွန်ပြူတာ ပြန်ဖွင့်တဲ့  အချိန်မှာဆိုရင် usb stick မရှိရင် insert a key . . . ဘာညာ ဘာညာ ဆိုပြီး box တစ်ခု ကျလာလိမ့်မယ်။ အိုကေပါစေနော်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS