ဥစ္စာပျက်ကြောင်း ၆ ပါး
၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်အရက် သောက်စားခြင်း။
၂။ အချိန်အခါမဲ့ (ညအခါ) လှည့်ပတ်သွားလာ လမ်းလျှောက်ခြင်း၊
၃။ ပွဲလမ်းသဘင် ပျော်ရွှင်မှုများ လိုက်စားခြင်း။
၎။ လောင်းကစားလေ့ရှိခြင်း။
၅။ မကောင်းသော အဆွေခင်ပွန်းတို့နှင့် ဆက်ဆံပေါင်းသင်းခြင်း။
၆။ ပျင်းရိမေ့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ခြင်း။
ဆောင်ပုဒ်။ ။ သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုခဲ့သဘင်၊ ပျော်ရွှင်အံလောင်း၊ မကောင်းမိတ်ဖျင်း၊
ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း။
အရက်သေစာ မူးယစ်ထုံထိုင်း ဆေးဝါးမှီဝဲခြင်းအပြစ် ၆ ပါး။
၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင်အပြစ်ဖြစ်၏။
၂။ ခိုက်ရန်ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်းဖြစ်၏။
၎။ အရှိန်အစော်မဲ့တတ်၏။
၅။ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။
၆။ ဥာဏ်ပညာ အားနည်းအောင် ပြုတတ်၏။
ဆောင်ပုဒ်။ ။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုန်များစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့ထုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှာ၊ ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။
အခါမဲ့ သွားလာခြင်း အပြစ် ၆ ပါး။
၁။ မိမိကိုယ်ကို ဘေးအန္တာယ်မှ လုံခြုံမှုမရှိနိုင်ခြင်း။
၂။ မိမိ၏ ဇနီးသားသမီးတို့အား ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း။
၃။ စည်းစိမ်ဥစ္စာကို လုံခြုံမှု မဖြစ်စေနိုင်ခြင်း။
၎။သူတစ်ပါးပြုသည့် မကောင်းမှုစရိုက်တို့တွင် မယုံသင်္ကာ ထင်မှာခံရခြင်း။
၅။ မဟုတ်မမှန်ဘဲ အစွပ်အစွဲခံရတတ်ခြင်း။
၆။ များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်ခြင်း။
ဆောင်ပုဒ်။ ။ ကိုယ့်သားမယား၊ တစ်ခြားဥစ္စာ၊ လုံရာမဲ့ရောင်း၊ မကောင်းမရာ၊ ရွံ့ရာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။
ပွဲလမ်းသဘင် အပျော်ကြူခြင်း အပြစ် ၆ ပါး။
၁။ ပွဲလမ်းသဘင်ကြည့်ရှုရန် စုံစမ်းနေရသဖြင့် အလုပ်ပျက်ခြင်း။
၂။ ပွဲလမ်းသဘင် ကြည့်ရှုနေရသဖြင့် အလုပ်ပျက်ခြင်း။
၃။ ကျန်းမာရေး ထိခိုက်ခြင်း။
၎။ ငွေကုန်ကြေးကျများခြင်း။
၅။ ရရှိပြီးသော စီးပွားဥစ္စာ မဖြစ်ထွန်းခြင်း။
၆။ မရရှိသေးသော စီးပွားဥစ္စာ မဖြစ်ထွန်းခြင်း။
ဆောင်ပုဒ်။ ။ ကခြင်းတလီ၊ သီချင်းတသီး၊ မှုတ်ခြင်းတသင်း၊ ပြိုန်ဖျင်းတစ်အုပ်၊ လက်ခုပ်တတည်း၊ အိုးစည်တဖြာ၊ ရှိရာရှာ၍၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား ကြည့်ရှုသဘင်အပြစ်တည်း။
လောင်းကစားခြင်း အပြစ် ၆ ပါး။
၁။ မိမိနိုင်လျှင်လည်း ရန်ပွားတတ်ခြင်း။
၂။ မိမိရှုံးလျှင် ပစ္စည်းဥစ္စာဆုတ်ယုတ်ခြင်း။
၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်ခြင်း။
၎။ မိမိစကားသည် မရိသတ်အလယ်တွင် သက်သေမ၀င်ခြင်း။
၅။ အဆွေခင်ပွန်းကို မထီမဲ့မြင် ပြုမိတတ်ခြင်း။
၆။ ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင် ဟု သမီးပေး သားယူပြုလိုသူတို့ အလိုမရှိခြင်း။
ဆောင်ပုဒ်။ ။ အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေတိမ်ယိမ်း၊ မထိမ်းမမြား၊ ဤခြောက်ပါးကား ပျော်ပါးကြွေအန်အပြစ်တည်း။
။ ။ ။ ။ ။
လမ်းသစ်ဂျာနယ်၊ မလေးရှားမှ မှတ်သားထားပါသည်။
ဗဟုသုတလေးပါ
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment